ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မိုးဦးကျရာသီ၏ ဖားအိုင်းသား ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါးဈေးနှုန်းကဲ့သို့   မြင့်တက် လျက်ရှိပါသည်။

     ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်းဈေးနှုန်းများအနေဖြင့် ဖားအိုင်းတစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်၊ ဖားအိုင်း ငါးဆယ်ကျပ်သားလျှင် ၁၀,၀၀၀ ကျပ်နှင့် ဖားအိုင်း နှစ်ဆယ့်ငါးကျပ်သားလျှင် ၅,၀၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချ သူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)