ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော စကားဖြူပန်းနှင့်စကားဝါပန်း ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ မေလ နောက်ဆုံးပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်းဈေးနှုန်းဖြင့် စကားဖြူပန်း ၃ ပွင့်ပါ တစ်ကုံးလျှင် ၃၅၀ ကျပ်၊ စကားဖြူပန်း ၃ ကုံးလျှင် ၁,၀၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ စကားဝါပန်းဈေးနှုန်းဖြင့် စကားဝါပန်း ၃ ပွင့်ပါ တစ်ကုံးလျှင် ၂၀၀ကျပ်၊ စကားဝါပန်း ၃ ကုံးလျှင် ၅၀၀ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)