ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးရံ့ခြောက် ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက် အခဲများကြောင့်  ကုန်ဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများထဲမှ ငါးရံ့ ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ငါးရံ့ဈေးနှုန်းများအနေဖြင့် ငါးရံ့ (အကြီး) တစ်ပိဿာလျှင် ၂၈,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၁၅,၀၀၀ ကျပ်နှင့် ၂၅ ကျပ်သားလျှင် ၈,၀၀၀ ကျပ်၊ ငါးရံ့ (အ‌သေး) တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၁၀,၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၅,၀၀၀ ကျပ်၊ ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးရံ့ခြောက်ဈေးနှုန်းများအနေဖြင့် ငါးရံ့ ခြောက် (အကြီး) တစ်ပိဿာလျှင် ၈၀,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၄၀,၀၀၀ ကျပ်နှင့် ၂၅ ကျပ်သား လျှင် ၂၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် (အ‌သေး) တစ်ပိဿာလျှင် ၆၀,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၃၀,၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁၅,၀၀၀ ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ငါးသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)