ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးပတ်နှင့်ငါးပေါက်စ ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက် အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများထဲမှ ငါးဈေး နှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

   ငါးပတ်နှင့် ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက်ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ငါးပတ်ဈေးနှုန်းများအနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင် (အကြီး) တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် ငါးပတ် အကောင်သေး တစ်ပိဿာ လျှင် ၁၃,၀၀၀ ကျပ်၊ ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများအနေဖြင့် ငါးပေါက်စ (ခေါင်းဖြတ် ချေး ဖောက်ပြီး) တစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၈,၀၀၀ ကျပ် နှင့် ၂၅ ကျပ်သားလျှင် ၃,၅၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)