ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ရောင်းချနေသော ဂေါ်ရခါးသီး ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဂေါ်ရခါးသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ ဂေါ်ရခါးသီး  အလုံးကြီး တစ်လုံးလျှင် ၈၀၀ ကျပ်၊  ဂေါ်ရခါးသီးအလုံးအလတ်တစ်လုံး လျှင် ၇၀၀ နှင့် ဂေါ်ရခါးသီး အလုံးသေးတစ်လုံးလျှင် ၅၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည်တစ်ဦး ထံမှ သိရသည်။

DOCA (စစ်ကိုင်း)