
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုး မျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက် စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချ ကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာလူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ် ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ မေလ (စတုတ္ထပတ်)တွင် ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၁၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ မေလ (နောက်ဆုံးပတ်) တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်းဈေးနှုန်း အနေဖြင့် ခရေပန်းတစ်ကုံးလျှင် ၂၅၀ ကျပ်၊ ခရေပန်း ၂ ကုံးလျှင် ၅၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိသောကြောင့် ယခင်အပတ်ထက် ဈေးမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသောပန်းသည်ထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)