ကျွန်းလှမြို့တွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်း အခြေအနေ

Powered by Drupal

  ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များကို  စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိန္နဲသီး ပြုတ်ကို ဖေဖော်ဝါရီလမှစ၍ ဈေးကွက်အတွင်းသို့ ရောက်ရှိလာကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ်ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ်တစ်ပိဿာလျှင် ၄,၀၀၀ ကျပ်၊ ငါးဆယ်ကျပ်သားလျှင် ၂,၀၀၀ ကျပ်နှင့် ၂၅ ကျပ်သားလျှင် ၁,၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း)