
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစု စားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများကို စိုက်ပျိုးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန်နီ အလုံးကြီး(၁)ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၁၆၀၀)ကျပ်၊ မြစ်သားကြက် သွန်နီ(၁)ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ် လျှင် ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်း တည်ငြိမ်နေကြောင်း ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)