
ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် စားသုံးသူပြည်သူများ သက်သာစေရန်အတွက် ရှင်ပင်ဘုန်းပွင့်လမ်း၊ မြို့သစ်ဈေး (၂.၆.၂၀၂၅) ရက်နေ့တွင် စည်ပင်သာယာရေးအဖွဲ့မှ ဆန် တစ်ပြည်လျှင် (၂၀၀၀/-) ကျပ်ဖြင့် ဆန်(၁၀) အိတ်ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာနမှ ဆီ တစ်ပိဿာလျှင် (၇၂၀၀/-) ကျပ်ဖြင့် ဆီ ပိဿာ (၁၁၀) ကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြက်ဥ (၁၀) လုံးလျှင် (၃၃၀၀/-) ကျပ်ဖြင့် အလုံး (၂၀၀၀) ကိုလည်းကောင်း၊ ဘဲဥ (၁၀) လုံးလျှင် (၄၀၀) ကျပ်ဖြင့် အလုံး (၆၀၀) ကိုလည်းကောင်း ရောင်းချခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ))