ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော မန်ကျည်းသီးမှည့်ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

     ကျွန်းလှမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း သိရပြီး ဇွန်လပထမပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၇,၅၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၃,၈၀၀ ကျပ်၊ ၁၀ ကျပ်သားလျှင် ၈၀၀ ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် ၁ ပိဿာလျှင် ၃,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန်ကျည်းသီးမှည့်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)