မိုးရာသီရဲ့ သဘာဝလက်ဆောင် အင်ဥ ( ခေါ် ) မှိုဥ

Powered by Drupal

အင်ဥ ( ခေါ် ) မှိုဥသည် မိုးဦးစချိန်ကာလတွင် အင်ပင်ငယ်အောက်ရှိ အင်ရွက်ခြောက်တွေ အောက်တွင် ပေါက်ရောက်သော ဥတစ်မျိုးဖြစ်ခြင်းကြောင့် အများစုမှာ အင်ဥဟု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။

အင်ဥ ( ခေါ် ) မှိုဥ စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ဗီတာမင်ဘီ၊ ဗီတာမင်ဒီနှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး အသားဓါတ်၊ အမျှင်ဓါတ်၊ သံဓါတ်နှင့် ပရိုတိန်းဓါတ်တွေ ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှိုကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသော သဘာဝမှ ဖန်ဆင်းပေးသော လက်ဆောင်တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိ ရပါတယ်။

          အင်ဥသည် တမူးမြို့၊ ခမ်းပတ်မှ ထွက်ရှိသော အင်ဥ ( ခေါ် ) မှိုဥများကို ကားများဖြင့် ကလေးမြို့သို့ သယ်ဆောင်ခဲ့ပြီး တဆင့်ခံရောင်းချသူများသို့ ဖောက်သည်ပေးပြီး ဈေးကွက် အတွင်းတွင် တစ်ဗူးလျင် ( ၃၅၀၀ ) ကျပ်၊ သုံးဗူးလျင် ( ၁၀၀၀၀ ) ကျပ်နှုန်းဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကာ အင်ဥပေါ်စဖြစ်၍ လူကြိုက်များပြီး ရောင်းရလွယ်ကာ ဝင်ငွေရရှိ လွယ်တဲ့ ဈေးကွက်ဝင်သည့် သဘာဝလက်ဆောင် အင်ဥ ( ခေါ် )  မှိုဥတစ်မျိုးဖြစ်ကြောင်း ဈေးကွက်စုံစမ်းမှုများအရ သိရှိရပါတယ်။

Doca(စစ်ကိုင်း)