ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ငါးမြင်းဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့် သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူမြို့နယ်၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ငါးများကို ကန့်ဘလူမြို့ရှိ လက်လီလက်ကား ကုန်သည်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် ၂၄,၅၀၀ ကျပ်၊ ငါးမြင်းအကောင် တစ်ပိဿာလျှင် ၁၈,၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)