ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်လျက်ရှိသော တီလားဗီးယားငါးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် ၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသောငါးဈေး နှုန်းများမှာ တီလားဗီးယားငါးအကြီး တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်၊ တီလားဗီးယားငါးအသေး တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊  တီလားဗီးယားငါးကို အကင်ဆိုင်များ၊ စားသောက်ဆိုင်များက အဓိကဝယ်ယူလျက်ရှိကြောင်း၊ အိမ်ရှင်မများကလည်း ဝယ်ယူကြောင်း၊ ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)