ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်များ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၁၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၃၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ဆူးပုတ်ရွက်(၁)စည်းလျှင် ၁၅၀ကျပ်၊ (၄)စည်းလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇွန်လပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၅)တောင့်ပါ တစ်စီးလျှင် (၅၀၀)ကျပ်၊ အတောင့်လှလျှင်(၅)တောင့်ပါတစ်စီးကို (၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့ ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး စားသောက်ဆိုင်များ၊ ဇွန်လ ပထမပတ်အတွင်း ကျောက်ဖရုံသီးအလုံးကြီးတစ်လုံးလျှင် ၄၀၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊  အိမ်ရှင်မများမှ ဝယ်ယူလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)