ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ငါးရံ့ခြောက် ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ကျွန်းလှမြို့၏ ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့ (အကြီး)တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အ‌သေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများ အနေဖြင့် ငါးရံ့ခြောက် (အကြီး) တစ်ပိဿာလျှင်(၈၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀၀) ကျပ် (၂၅)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)