သစ်ရာမြိုင်ဈေးအတွင်း ‌‌ရောင်းချနေသော ‌ဘိုစားပဲသီး

Powered by Drupal

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံဖြစ်သည့် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ယခု မေလ နောက်ဆုံးပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက် ရှိသော ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၄၀၀၀) ကျပ်နှင့် ၂၅ ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရပါ သည်။

Doca(စစ်ကိုင်း)