
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်း ကဲ့သို့ မြင့်တက်လျက်ရှိပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်းသား ဈေးနှုန်းများ အနေဖြင့် ဖားအိုင်းသား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ဖားအိုင်းသား(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် ဖားအိုင်းသား(၂၅) ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရ ပါသည်။
DOCA (စစ်ကိုင်း)