မွန်ပြည်နယ်ဒေသထွက် ဒညင်းသီးများ အရောင်းအဝယ်ဖြစ်

Powered by Drupal

      ၂၀၂၅ခုနှစ်၊ မေလ(စတုတ္တပတ်)တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မဈေးတွင် မွန်ပြည်နယ်ဒေသထွက် ဒညင်းသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဒေသထွက် ဒညင်းသီးဈေးနှုန်းမှာ ဒညင်းသီး ၁တင်းကို (၇၀,၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရသည်။ လက်လီဈေးနှုန်းမှာ ဒညင်းသီး (အသေး) ၁ လုံးလျှင် (၁၀၀) ကျပ်နှင့် အလုံး (၁၀၀) လျှင် ၈၀၀၀ ကျပ်၊ ဒညင်းသီး(အကြီး) ၁လုံးလျှင် (၁၄၀) ကျပ် ဖြစ်၍ ဒညင်းသီး အလုံး (၁၀၀) လျှင် ၁၂၀၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း   သိရှိရသည်။

DOCA (မွန်)