
မွန်ပြည်နယ်မှ ထွက်ရှိသည့် ရာသီပေါ် ကြက်မောက်သီးများ ဈေးကောင်းရရှိနေကြောင်း သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ၏ ပြောဆိုချက်အရ သိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသည့် အစေ့ကျွတ်ကြက်မောက်သီးအလုံးရေ ၁၀၀လျှင် ငွေကျပ် ၈၀၀၀ မှ ၁၃၀၀၀ ဝန်းကျင်အထိ ရရှိနေသည်။ လက်လီဈေးအနေဖြင့် ကြက်မောက်သီး တစ်လုံးလျှင် ၂၀၀ ကျပ်နှင့် ၂၅၀ကျပ်ခန့်အတွင်း ဖြစ်သည်။ ယခု လက်ရှိမှာ ကြက်မောက်သီး ထွက်ရှိသောအချိန်ဖြစ်သဖြင့် အရောင်းအဝယ်ကောင်းသည်။ မြို့ပေါ်ဈေးနှင့် အခြားတိုင်း/ ပြည်နယ်များသို့ အဓိကရောင်းကြသည်။ ထို့ပြင် မွန်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြိး၊ နေပြည်တော်၊ ကရင်ပြည်နယ်သို့ တင်ပို့လျက်ရှိသည်။ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
DOCA (မွန်)