
ပြည်မြို့၏ သစ်သီးဝလံဈေးကွက်အတွင်း ရာသီစာအသီးမျိုးစုံ ရောင်းဝယ်လျက်ရှိရာ သရက်သီးမှည့်များကလည်း အမျိုးအစားစုံရောင်းချလျှက်ရှိပါသည်။ ဒေသတွင်းမှထွက်ရှိကြသလို စိန်တလုံးသရက်သီးအနေဖြင့် မန္တလေးဘက်မှလည်း ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပြည်ဒေသမှထွက်သော မြကျောက်သရက်သီးဟာဆိုရင်လည်း အရောင်းအဝယ် အသွက်ဆုံး သရက်သီးမျိုးဖြစ်ပါသည်။ ယခုကာလတွင် ဒေသထွက် လက်ဆောင်ပေးရန် အကောင်းဆုံး သရက်သီးမျိုးဖြစ်ပါသည်။ မေလဆန်းပိုင်းတွင် မြကျောက်သရက်သီးတစ်လုံးလျှင် ၇၀၀-၈၀၀ကျပ် အထိ အလုံးအရွယ်အစားပေါ်မူတည်၍ ဝယ်ယူကြရပါသည်။ ယခုအခါ သရက်သီးများ အထွက်လှိုင်လာပြီဖြစ်သည့်အတွက် မြကျောက်သရက်သီးနှင့် စိန်တလုံးသရက်သီးတစ်လုံးလျှင် ၅၀၀-၃၀၀ကျပ်ဖြင့် ရောင်းဝယ်ကြရပြီး ကျန်သရက်သီးအမျိုးအစားများကတော့ တစ်လုံးလျှင် ၂၀၀ကျပ်မှစ၍ အမျိုးအစားအလိုက် အရွယ်အစားလိုက် ဈေးကွာခြားမှုရှိသည်ကို သိရပါသည်။