
ပဲခူးတိုင်းဒေသကြီးအနောက် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နွေစပါး (၂၀၅၆၁) ဧက စိုက်ပျိုးခဲ့ပြီးယခုအခါတွင် နွေစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံသည် ပြည်မြို့နယ်တွင်းဗျည်းကျေးရွာအုပ်စု၊ ကြို့ရပ်သာကျေးရွာမှ တောင်သူ ဦးအောင်ကိုလတ်၏ နွေစပါးခင်းများ ရိတ်သိမ်းချွေလှေ့နေမှုအား သွားရောက်၍ တွေ့ဆုံမေးမြန်းခဲ့ရာ တောင်သူအနေဖြင့် လယ်ဧက(၅၀)ရှိပြီး နွေစပါး(၂၅)ဧက စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ဗီယင်နာစပါးမျိုးများ စိုက်ပျိုးထားပြီး ရင့်မှည့်နေသည့် လယ်များအား စတင်ရိတ်သိမ်းနေတာဖြစ်ပါသည်။ စပါးများကို ဝေမာကုမ္မဏီမှ စပါးအစိုဓာတ် အနည်းအများပေါ်မူတည်၍ ဈေးပေးဝယ်နေကြောင်း၊ စပါးမှာ အစိုဓာတ် (၂၀%) ကျော်သည့်အတွက် ပေါင်(၅၀)တစ်တင်းလျှင် (၁၃၀၀၀)ဈေးရရှိကြောင်း အထွက်နှုန်းအနေဖြင့် တစ်ဧက တင်း(၉၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။ ယခုနှစ်တွင် မြေကြွက်များပျက်ဆီးမှုများသဖြင့် အထွက်နှုန်း အနည်းငယ်ကျဆင်းနိုင်ကြောင်း သိရပါသည်။
DOCA(ပဲခူး)