ပြည်မြို့နယ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥဈေးနှုန်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံး တင်သွင်းကြပြီး  ယခင် မတ်လဒုတိယပတ်တွင် ဈေးကွက် အတွင်း၌ ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးတစ်လုံးလျှင်  (၅၅၀)ကျပ်၊ ဘဲဥသေးတစ်လုံးလျှင် (၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ကြက်ဥဈေးနှုန်းမှာ ဥကြီးတစ်လုံးလျှင် (၄၈၀)ကျပ် ၊ ဥလတ် (၄၅၀)ကျပ်၊ ဥသေး (၃၅၀)ကျပ်ရှိကြောင်း သိရှိရပြီး မေလစတုတ္ထအပတ်တွင် ယခင်ဈေးနှုန်းများအတိုင်း အရောင်းအဝယ် ပြုလုပ်နေပါကြောင်းနှင့် ဈေးနှုန်း အပြောင်းအလဲမရှိပဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)