ပြည်ခရိုင်၏ ထောပတ်ပဲ၊ ပဲနီပြား၊ ပဲပုတ်နှင့် ပဲလွမ်းဖြူဈေးကွက်

Powered by Drupal

      ပြည်ခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ အထွက်နှုန်းကောင်းပြီး အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ ထိုပဲမျိုးစုံ စိုက်ပျိုးထွက်ရှိလျက်ရှိသည့်အထဲတွင် ထောပတ်ပဲ၊ ပဲနီပြား၊ ပဲပုတ်နှင့် ပဲလွမ်းဖြူ စသည့်ပဲများကို စိုက်ပျိုးလျက်ရှိပါသည်။ ထောပတ်၊ ပဲနီပြားနှင့် ပဲလွမ်းဖြူကို ဆောင်းရာသီတွင် စိုက်ပျိုးကြပြီး၊ ပဲပုတ်ကို မိုးနှင့် ဆောင်း (၂)ရာသီတွင် စိုက်ပျိုးကြပါသည်။

    ထောပတ်ပဲ ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်ဧပြီလကုန်ပတ်တွင် ပိဿာ(၂၀)တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ယခုမေလကုန်တွင်လည်း တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်ဖြင့် ပန်းတောင်း ဘက် နှင့် ဒေသတွင်းစိုက်ပျိုးသူများက ပွဲရုံများသို့ လာရောက်‌ရောင်းချကြပါသည်။ ဈေးနှုန်းမှာ ပုံမှန်ဖြစ်လျက်ရှိပြီး လက်လီသမားများသာ တစ်နေ့လျှင် အိတ်(၂၀-၃၀)ခန့်သာ အ‌ရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

    ပဲနီပြားသီးနှံမှာ ယခင်ဧပြီလကုန်ပတ်တွင် ပိဿာ(၂၀)တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဧပြီလကုန်ပတ်တွင် တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ၍ တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်ခန့် ဈေးမြင့်လာခဲ့ပါသည်။ ပဲနီပြား သီးနှံကို ရန်ကုန်ဝယ်လက်နှင့် လက်လီသမားများ အဝယ်ရှိ၍ တစ်နေ့လျှင် အိတ်(၂၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ပဲလွမ်းဖြူသီးနှံမှာ ယခင်ဧပြီလကုန်ပတ်တွင် ပိဿာ(၂၀)တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုမေလကုန်ပတ်တွင် တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးမြင့်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်လီ ပြန်လည် ရောင်းချသူများကလည်းရှိသဖြင့် တစ်နေ့လျှင် အိတ်(၃၀)ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ပဲပုတ်သီးနှံမှာ ပြည်ခရိုင်တွင် အနည်းငယ်စိုက်ပျိုးပြီး မင်းလှဘက်မှ ဝင်‌ရောက်မှုရှိပါသည်။ ပဲပုတ်သီးနှံမှာ အရောင်းအဝယ်အနည်းငယ်ဖြစ်ပေမယ့် ယခင်ဧပြီလကအတိုင်း ပိဿာ(၂၀) တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပါသည်။ ပဲပုတ်သီးနှံမှာ ဝင်ရောက်မှုနည်း၍ အနည်းငယ်သာ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)