
ပြည်မြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံသည် လက်လီအရောင်း အဝယ်သာရှိပြီး တစ်ခါတစ်ရံမှသာ လှောင်သမားများအဝယ်ရှိပါသည်။ စားတော်ပဲကို မြို့တွင်းစား သုံးမှုအတွက်သာ အဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအခါ စားတော်ပဲအသစ်များ အဝင်ရှိနေပြီး အဝင်နည်းနေပြီ ဖြစ်ပါသည်။ ပဲစတင်ပေါ်စအချိန် မတ်လတွင် စားတော်ပဲတစ်တင်းကို (၁၂၅၀၀၀)ကျပ် ဖြင့် ဈေးစတင်ဖွင့်ခဲ့ပါသည်။
ယခုလတွင် စားတော်ပဲဈေးတက်လာပြီး အဝင်လည်းနည်းနေပြီဖြစ်၍ တစ်တင်းကို (၁၅၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၂၅-၅၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
DOCA(ပဲခူး)