
ရွှေတောင်မြို့အနီးအနားရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ရုံးပတီသီးမျိုးမှာ ကျောက်စိမ်းမျိုး များဖြစ်ကြပါသည်။ ရုံးပတီသီးကို နတ်တော်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် အသီးများစတင်ခူးဆွတ်ရပါသည်။ ရုံးပတီပင်သည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်၍ အေးသောရာသီဥတုကို မနှစ်သက်ပါ၊ ရုံးပတီသီးကို ပန်းပွင့်ပြီး တစ်ပတ်သို့ကြာလျှင် ခူးဆွတ်ရပြီး တစ်ရက်ခြားတစ်ခါ ခူးဆွတ်ပေးရပါသည်။ ရာသီဥတုပူပြင်းပါက အရင့်မြန်သောကြောင့် နေ့စဉ်ခူးဆွတ်ပေးရပါသည်။ တစ်ခါခူးဆွတ်လျှင် အသီးတောင့် (၃၀၀၀)ခန့် ရရှိပါသည်။
ယခုအခါ ရုံးပတီသီးများကို ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်များရှိ ဈေးကွက်များတွင် ရုံးပတီသီး(၁၀)တောင့်လျှင် (၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)