ပြည်ဒေသထွက်ပန်းဂန္ဓာမာ

Powered by Drupal

     အရောင်အသွေးစုံလင်လှသော ပန်းဂန္ဓာမာသည် မြင်သူတိုင်းသဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓာမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သောပန်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓာမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ ဂန္ဓာပန်းတွင် မျိုးကွဲ‌ပေါင်းများစွာရှိပါသည်။ အပင်အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ် ဝေါ်ကြပါသည်။ ဂန္ဓာပန်းကို အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည့်အနက်မှ ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူ မျိုးများကို ပြည်မြို့တွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့အနီးအနားရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ဂန္ဓာမာပန်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ဂန္ဓာပန်း(၁၀)ပွင့်စည်း တစ်စည်းလျှင် ယခင်နှစ်က (၁၀၀၀-၁၅၀၀)ကျပ်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ဂန္ဓာမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၂၅၀၀-၃၀၀၀)ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဒေသတွင်းနှင့် အနီးအနားရှိ ရွှေတောင်မြို့နှင့် ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)