ပြည်ကြက်သွန်နီဈေးကွက်အရောင်းအဝယ်အေး

Powered by Drupal

    ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံအနေဖြင့် ယခင်အပတ်များမှ အဝင်များထားပြီး ပစ္စည်းလက်ကျန်များနေသည့်အတွက် ယခုမေလကုန်တွင် အဝင်နည်းလျက်ရှိနေသည်။ မကွေးတိုင်း ဆိပ်ဖြူနှင့် အောင်လံမြို့နယ်တို့မှသာ အဝင်ရှိနေပြီး တစ်ရက်လျှင် ပိဿာချိန် (၇၀၀၀)ခန့်သာ အဝင်ရှိနေသည်။ ယခင်အပတ်များက တစ်ရက်လျှင် ပိဿာချိန် (၁၃၀၀၀)ခန့် အဝင်ရှိခဲ့သဖြင့် ယခုမေလကုန်တွင် ထက်ဝက်ခန့် အဝင်နည်းသွားကြောင်း သိရသည်။ အရောင်းအဝယ်မှာလည်း အဝင်နည်းသလို အရောင်းအဝယ်အေးလျက်ရှိနေပြီး ပုံမှန်ဝယ်လက်များ အိတ်ဆွဲဝယ်ရောင်း သမားများနှင့်သာ ရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်းမှာ ဝင်ရောက်မှုရှိသော ကြက်သွန်နီ၏ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့် ခွဲခြားရောင်းချလျက်ရှိကာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ်(၁၂၀၀/၁၄၀၀-၁၅၀၀/၁၆၀၀)နှုန်းတို့ရှိပြီး လက်လီ တစ်ပိဿာ လျှင် (၁၇၀၀/၁၈၀၀-၂၀၀၀/၂၁၀၀)ကျပ်နှုန်းဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပြီး ယခင်နှစ်ကာလတူ လက်လီဈေးမှာ ကျပ် (၂၇၀၀/၂၈၀၀-၂၉၀၀/၃၀၀၀)နှုန်းတို့ဖြင့် ရောင်းဝယ်မှု ရှိခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)