ကျွန်းလှမြို့တွင် ရောင်းချနေသော ရုံးပတီသီး ဈေးနှုန်း

Powered by Drupal

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတစ်ဦးထံမှသိရ သည်။

Doca(စစ်ကိုင်း)