ပြည်မန်ကျည်းရွက်ရှားပါး၍ ဈေးမြင့်တက်

Powered by Drupal

       ပြည်ဈေးကွက်တွင် ယခင်ဧပြီလဆန်းက မန်ကျည်းရွက်များအဝင်များလျက်ရှိပြီး ဈေးနှုန်းမှာ ၁၀ကျပ်သားလျှင် (၆၀၀-၇၀၀)ကျပ်နှုန်းခန့် ရှိခဲ့သည်။ ယခုမေလကုန်တွင် ပြည်မြို့အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ ဇီးအုပ်၊ နတ်တလင်းရွာများနှင့် ရွှေတောင်မြို့ရှိကျေးရွာများမှ ဝင်ရောက်မှုရှိပြီး ယခုမေလကုန်မှာ မိုးပိုသဖြင့် မန်ကျည်းရွက်များ အရင့်ဘက်များသည့်အတွက် ရှားပါးသွားခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုကာလတွင် နှစ်ရက်ခြား တစ်ကြိမ်သာဝင်၍ အချိန် (၁၀)ခန့်သာ အဝင်ရှိသည်။ ဈေးနှုန်းမှာ မန်ကျည်းရွက်နု (၁၀)သားလျှင် ကျပ်(၁၀၀-၁၂၀၀)ခန့်ရှိသဖြင့် ယခင်ဧပြီလဆန်း ဈေးနှင့် နှိုင်းယှဉ်ပါက ကျပ်(၅၀၀)နှုန်းခန့်မြင့်တက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)