
မိုးရာသီအချိန်တွင်သာ ရရှိလာသည့် တညင်းသီးဖြစ်ပါသည်။ တညင်းသီးအား အတို့အမြုပ် အဖြစ်၎င်း၊ ဆားရည်စိမ်ပြီး၎င်း စားသောက်လေ့ရှိပါသည်။ တညင်းသီးပင်များအား မြစ်ကြီးနား၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်၊ သံတောင်၊ ထားဝယ်ဒေသများတွင် အများအပြားစိုက်ပျိုး ကြပါသည်။
ယခုရာသီအချိန်တွင် ပြည်မြို့နယ်အတွင်း ဝင်ရောက်လာသည့် တညင်းသီးများသည် ထားဝယ်မြို့မှ ဝင်ရောက်လာပါသည်။ တညင်းသီးအကြီး (၁၀)လုံးလျှင် (၂၀၀၀) ကျပ်၊ အလုံးသေး (၁၀)လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)