စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်မြို့နယ် အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးဆီများအား သက်သာသောရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေး ရည်ရွယ်၍ (၁၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေတွင် ပြည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား လှည့်လည်ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စားသုံးဆီများ ရောင်းချပေးခြင်းဆောင်ရွက်ရာတွင် စားသုံးဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သော (၃၈၅၀)ကျပ်ဖြင့် ပိဿာချိန် (၁၁၀၀)ပိဿာအား ခေတ္တရာ ရပ်ကွက်နေ ပြည်သူများသို့ရောင်းချပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)