ကျွန်းလှမြို့တွင် ရောင်းချနေသော မန်ကျည်းသီးမှည့် ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်ရှိ ကျေးရွာများ နှင့် ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် စိုက်ပျိုးကြသလို အလေ့ကျပေါက်‌ရောက်သည့် အပင်များ လည်းရှိကြရာမှ ယခုအ‌ခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၃၀၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ)တစ်ပိဿာ လျှင်(၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

Doca(စစ်ကိုင်း)