သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဗမာသခွားသီး ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့သည် စိုက်ပျိုးရေးကိုအခြေခံ၍ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် သခွားသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက် စသည်တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက်သို့ ပို့ဆောင်ကာ ဈေးကောင်းရရှိနေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေ‌သော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာသခွားသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)လုံးနှင့် အသေး တစ်လုံးလျှင်(၁၀၀)ကျပ် တို့ဖြင့် အရောင်းအ ဝယ်ဖြစ်နေကြောင်း သိရသည်။

Doca(စစ်ကိုင်း)