ထားဝယ်မြို့ရှိသင်္ဘောသီးမှည့် စျေးနှုန်း/စျေးကွက်

Powered by Drupal

      သင်္ဘောပင်သည်‌မြန်မာနိုင်ငံ၌စီးပွားဖြစ်စိုက်ပျိူးနေသော ဝင်ငွေရရှိနေသော သီးနှံတစ်မျိုးဖြစ်သည့်အလျောက် စျေးကွက်ဝင်ရောင်းအားကောင်းသောသီးနှံလည်းဖြစ်ပါသည်။ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းသောသီးနှံဖြစ်သဖြင့် စိုက်ပျိုးသူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး နေအိမ်များတွင်လည်း စိုက်ပျိုးနိုင်ပါသည်။

      ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့်ကမ်းနားပျံကျစျေးများတွင် ရောင်းချနေသော စျေးနှုန်းများအရ သင်္ဘောသီးမှည့်အလုံးကြီးတစ်လုံးလျှင် (၂၀၀) ကျပ်အထိ ရောင်းအားကောင်းလျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချနေသော စျေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)