ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့်ခါကြက်ဥ(ဗမာ)ဟူ၍ ခါ(၂)မျိုးရောင်းချလျက်ရှိရာ ယခု အချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများကို ဝယ်ယူရောင်းချလျက်ရှိပြီး ရှားပါးသည့် အချိန်တွင် တရုတ် ခါကြက်ဥကိုတော့ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေ သော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၀၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည်။

Doca(စစ်ကိုင်း)