
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များ၌ရှိသော ကူမဲမြို့မဈေးနှင့် မြစ်သားမြို့မဈေးတို့တွင် မုံညှင်းဆလပ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာ ဝင်ရောက်မှုအနေဖြင့် အောင်ပန်း၊ ကလော၊ ရွာငံရေဦးမြို့များမှ ခေါင်းတို(၆)ဘီးကားများဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသော ဒေသမှာ ရှမ်းပြည်နယ် အောင်ပန်းဒေသများတွင် စိုက်ပျိုးကြပြီး ဖောက်သည်ဈေးအနေဖြင့် ယခင် မတ်လ၊ ဧပြီလများတွင် တစ်ပိဿာလျှင်(၂၀၀၀-၂၅၀၀)ကျပ်အထိ ရောင်းချခဲ့ရပြီး ယခု မေလကုန်တွင် မုံညှင်းဆလပ်များ လှိုင်လှိုင်ထွက်ပေါ်လာ ခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းလာကြောင်း ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၁၀၀၀-၁၂၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး လက်လီတစ်ပိဿာအနေဖြင့် (၁၅၀၀မှ ၁၈၀၀)ကျပ်အထိ ရောင်းချရကြောင်း မုံညှင်းဆလပ်ကို အစိမ်းကြော်၊ အချဉ်ရည်ဟင်း၊အတို့အမြှုပ်နှင့် မုံညှင်းဆလပ် ကင်ချီများ ပြုလုပ်၍ စားသုံးကြပါသည်။ ဝယ်လိုအားရှိပြီး အသီးအရွက်စားသုံးခြင်းဖြင့် ရောဂါကျ ရောက်မှုဒဏ်မှ ကာကွယ်ပေးသော မုံညှင်းဆလပ်ကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)