သစ်ရာမြိုင်ဈေးအတွင်း ‌‌ရောင်းချနေသော ‌ဘိုစားပဲသီး

Powered by Drupal

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက် ရှိသော ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး လက်က္ကားတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀) ကျပ်နှင့် ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)