သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ကင်းမုံသီး ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများမှ ကင်းမုံသီးကို စင်ထိုး၍ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက် ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင် (၁၀၀၀)ကျပ်၊ နို့ဆီ(၂)ဘူးလျှင် (၅၀၀) နှင့် နို့ဆီ တစ်ဘူး လျှင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိ ကြောင်း ကုန်စိမ်း ဈေးသည်ထံမှ သိရသည်။

Doca(စစ်ကိုင်း)