
ထန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အ သားတစ်ခုအနေဖြင့်လည်းကောင်း၊ ထန်းသီး၊ ထန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ ထန်းသီးဆံသည် ထန်းပွင့်(ထန်းခိုင်)မှ ထွက်ရှိသော အသီးဖြစ်ပြီး မြန်မာ့ရိုးရာ သဘာဝအစားအစာဖြစ်သဖြင့် လူအများနှစ်သက်စွာ စားသုံးကြပြီး ထန်းသီးဆံများကို ကန့်ဘလူမြို့နယ် အနှံ့အပြားမှထွက်ရှိကာ မြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။
ယခုအခါ ထန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် ထန်းသီးလုံးနှင့် ထန်းသီးဆံဟူ၍(၂) မျိုးရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းများမှာ ထန်းသီး(၅)လုံးလျှင်(၁၀၀၀)ကျပ်ရှိပြီး ထန်းသီးဆံ (၈-၉)ဆံလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ထန်းသီးနုနုလေးများကိုကျောက် ကျောထိုးပြီးစားစား၊ မနုမရင့် ထန်းသီးဆံလေးကို ထန်းလျက်ရည်နှင့် တွဲဖက်စားသုံးကြကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)