ကျွန်းလှမြို့တွင် ရောင်းချနေသော ချစ်တီးမုန့်

Powered by Drupal

ကျွန်းလှမြို့၊သစ်ရာမြိုင်ဈေးတွင် စားသောက်ကုန် ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်များတွင် ချစ်တီး မုန့် များကို ရွှေဘိုမြို့မှ မှာယူ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် စားသောက်ကုန် ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ချစ်တီးမုန့် ဈေးနှုန်း အနေဖြင့် ချစ်တီးမုန့် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၄၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

Doca(စစ်ကိုင်း)