ကျွန်းလှမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

ကျွန်းလှမြို့နယ်တွင် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ‌ရောင်းချလျက် ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် သိရှိရပါသည်။

Doca(စစ်ကိုင်း)