
ကျွန်းလှမြို့၊သစ်ရာမြိုင်ဈေးတွင် စားသောက်ကုန် ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်များတွင် ခါကြာမုန့်များကို ကန့်ဘလူမြို့မှ မှာယူ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် စားသောက်ကုန် ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော ခါကြာမုန့် ဈေးနှုန်း အနေဖြင့် ခါကြာမုန့် တစ်ခုလျှင်(၇၀၀)ကျပ်၊ (၃)ခုလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
Doca(စစ်ကိုင်း)