ကျွန်းလှမြို့တွင် ရောင်းချနေသော ဇီးပြား ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့၌  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ဇီးပြားများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြား ဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင် လက်က္ကားဈေး(၇၀၀၀)ကျပ်၊ ဇီးပြား တစ်ပိဿာလျှင် လက်လီဈေး(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)