ကျွန်းလှမြို့တွင် ရောင်းချနေသော နနွင်းတက်နှင့် နနွင်းမှုန့် ဈေးနှုန်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

နနွင်းသီးနှံပင်များကို  တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြသလို နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင် သီးညှပ်စိုက်ပျိုးကြသည်ကိုလည်း တွေ့ရှိရ ပါသည်။ နနွင်းသီးနှံသည် ဈေးကွက်ဝင်သီးနှံတစ်မျိုး ဖြစ်သည့်အလျှောက် နနွင်းတက်များ အပေါ်မီ နနွင်းဖူးများ ကိုလည်း မိသားစု အပိုဝင်ငွေရရှိပါသည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊နနွင်းမှုန့် ဈေးနှုန်းနေဖြင့် နနွင်းမှုန့် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိ ပါသည်။

Doca(စစ်ကိုင်း)