
၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးတွင် မွန်ပြည်နယ်၊ မိန်းမလှကျွန်းဒေသ၌ ထွက်ရှိသော ရုံးပတီသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ရုံပတီသီးကို ကြော်စားခြင်း၊ အသားဟင်းဖြင့် ရောကြော်စားခြင်း၊ အချဉ်ဟင်းချက်ရာတွင် ထည့်သွင်းချက်ခြင်း၊ ပြုတ်၍အတို့အမြုတ်အဖြစ်တို့စားခြင်း၊ ကင်း၍ဖြစ်ဖြစ်ဆီပူထိုး၍ဖြစ်ဖြစ် အချည်ရည်နဲ့တို့စားခြင်းဖြင့် စားသုံးနိုင်ပါသည်။ ရုံးပတေသီးတွင် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်ထဲမှပိုလျှံနေသော ကိုလက်စထရောတွေကို ဖယ်ရှားပေးခြင်းကိုလည်း အထောက်အကူပြုစေသည့်အတွက် ကျန်းမာရေးနှင့်ညီညွှတ်ပြီး စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် ရုံးပတီသီးများကို လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကရင်)