မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးအတွင်း‌ရောင်းချနေသည့် ပုဇွန်ခြောက်စျေးနှုန်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ဆိပ်ငယ်စျေးကြီးအတွင်းရေထွက်ပစ္စည်းများဖြစ်သော ငပိ၊ ငါးခြောက်၊ ပြည်ကြီးငါးခြောက်နှင့် ပုဇွန်ခြောက်များရောင်းချလက်ရှိရာ ပုဇွန်ခြောက်များ အား ဆိုဒ်အမျိုးအစားပေါ်မူတည်၍ စျေးနှုန်းများကွာဟပါသည်။

   ပုဇွန်ခြောက်သည် စားစရာမျိုးစုံအတွက် အသုံးဝင်လှသည်။ ငပိထောင်းရာတွင်လည်း ကောင်း၊ ငပိသုပ်ရာတွင်လည်းကောင်း၊ လက်ဖက်သုပ်ရာတွင်လည်းကောင်း၊ အသုပ်အနယ်မျိုးစုံ အတွက်လည်းကောင်း မရှိမဖြစ်သုံးစွဲကြသဖြင့် ရောင်းပန်းလှ၍ စျေးကွက်ဝင်ရေထွက်ပစ္စည်း တစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်က ပုဇွန်ခြောက်အသေးဆိုဒ် တစ်ပိဿာလျှင် (၈၀၀၀၀) ကျပ်၊ အလတ်ဆိုဒ်တစ်ပိဿာလျှင် (၁၀၀၀၀၀)ကျပ်နှင့် အကြီးဆိုဒ်တစ်ပိဿာလျှင် (၁၃၀၀၀၀)ကျပ်ဖြစ်ပြီး ယခု၂၀၂၅ခုနှစ်၊ ဇွန်လ၊ ပထမပတ်တွင် ပုဇွန်ခြောက်အသေးဆိုဒ်တစ် ပိဿာလျှင် (၁၀၀၀၀၀)ကျပ်၊ အလတ်ဆိုဒ်တစ်ပိဿာလျှင် (၁၂၀၀၀၀)ကျပ်နှင့် အကြီးဆိုဒ် တစ်ပိဿာလျှင် (၁၆၀၀၀၀)ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)