မြိတ်မြို့ရှိ Hass မျိုး ထောပတ်သီး‌ဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိသည်။ ထိုသို့ ရောင်းချရာတွင် Hass မျိုး ထောပတ်သီးသည်လည်းအ‌ရောင်းသွက်လျက်ရှိသည်။ အပြင်ခွံမှာ အစိမ်းရောင်ဖြစ်ပြီး အဖုလေးများပါသောကြောင့်ရှောက်သီးနှင့် အထင်မှားလောက်သည်။ ၎င်း ထောပတ်သီးသည် ဗီတာမင် နှင့်အဆီဓာတ်များပါဝင်ပြီး အရိုးများသန်မာစေသော အာနိသင်များ ပါဝင်သည်။  ကျန်းမာ‌ရေးအတွက် အကျိုးကျေးဇူးများစွာပါရှိပြီး အဆီများလည်း ပါဝင်သော ကြောင့်  တစ်နေ့လျှင် တစ်လုံးသာစားသင့်သည်။ရှမ်းပြည်နယ်မှတင်သွင်းလာသော Hass မျိုး ထောပတ်သီးကို မြိတ်မြို့ပေါ်ရှိဆိပ်ငယ်ဈေးနှင့် နောက်လယ်ဈေး၊ သီရိမင်္ဂလာဈေးတို့တွင် ရောင်းချလျက်ရှိရာ ထောပတ်သီး ၁ ကီလိုလျှင် (၁၁၀၀၀)ကျပ် နှင့် ကီလိုဝက်လျှင် (၅၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးရောင်းချသူထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)