ကျိုက်မရောမြို့နယ် အ.လ.က (အထရံ)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း

Powered by Drupal

         မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၁၈.၇.၂၀၂၂ ရက်နေ့ နံနက် (၁၁:၀၀) နာရီက ကျိုက်မရောမြို့နယ်၊ အ.လ.က (အထရံကျောင်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောကြောင်း သိရပါသည်။

             အဆိုပါ ဟောပြောပွဲ၌ ကျိုက်မရောမြို့နယ်ရုံးတာဝန်ခံ ဦးအောင်ညီညီခန့်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေမှုများ၊ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၊  စားသုံးသူနစ်နာမှုရှိလျှင် တိုင်ကြားနိုင်သည်နှင့် တိုင်ကြားနိုင်သူများအားရှင်းလင်း၍ အသေးစိတ်ပြောကြားပါသည်။ ပြီးနောက် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အား ကြိုဆိုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများကို  ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့သိကောင်းစရာအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်ယုချိုထက်နှင့် ဆရာ၊ ဆရာမ (၂၂) ဦး ကျောင်းသား/သူ (၁၀၀) ဦးတို့တက်ရောက်ခဲ့ကြောင်း းသတင်းရရှိပါသည်။

DOCA(မွန်)