မြိတ်မြို့တွင် အရောင်းအဝယ်ဖြစ်နေသည့် လက်ဖက်နှင့်အကြော်ပဲများ

Powered by Drupal

   လက်ဖက်ကိုအထူးနစ်ခြိုက်ကြ၍ မြန်မာလူမျိုးတို့၏ ခံတွင်းနှင့် ကိုက်ညီမှုရှိသောကြောင့် လက်ဖက်စျေးကွက်သည်လည်း အရောင်းအဝယ်ဖြစ်လှပါသည်။ မြိတ်မြို့၊ စားသောက်ကုန် ရောင်းချနေသောဆိုင်များတွင် လက်ဖက်နှင့် အကြော်ပဲများ အား ရန်ကုန်ပွဲရုံများမှ ဝယ်ယူရောင်း ချလက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့စျေးနှုန်းအရ မြိတ်မြို့ရှိ လက်ဖက်နှင့် အကြော်ပဲများ ရောင်းချနေသော ဆိုင်များတွင် အသင့်စားလက်ဖက် (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဖြစ်ပြီး နှစ်ပြန်ကြော်ပဲတစ်ဆယ်သားလျှင် (၁၃၀၀)ကျပ် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သုံးပြန်ကြော်ပဲ တစ်ဆယ်သား(၁၆၀၀)ကျပ်နှင့် တစ်ပိဿာ (၁၆၀၀၀)ကျပ်ဖြစ်ကြောင်းသိရှိရပြီး မြိတ်ခရိုင်၊ မြိတ်မြို့မှ တစ်ဆင့် ပုလောမြို့၊ ကျွန်းစုမြို့နှင့် တနင်္သာရီမြို့များသို့ တစ်ဆင့်ဝယ်ယူ၍ ဝယ်ရင်းစျေးအပေါ်တွင် (၅)ရာခိုင်နှုန်းအမြတ်တင် ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)