
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ပင်လယ်ရေငန်ရောက်သော ဒီရေတောများရှိပြီး ဓနိပင်သည် ပင်လယ်ရေငန်ရောက်သည့်နေရာများတွင် အလေ့ကျပေါက် ရောက်သောအပင်မျိုးဖြစ်ပါသည်။ ဓနိပင်များအားအဖူးဖူးချိန်တွင် အနည်းငယ်အညှာအားဖြတ်၍ ဖန်ခွက်ဖြင့်ခံပါက အသင့်သောက်နိုင်သောဓနိရည်အားရရှိပြီး ရရှိလာသောဓနိရည်များအား ပျစ်ခဲလာသည့်အထိ မီးဖြင့်တည်လိုက်ပါက ဓနိပျားအချိုရည်အပျစ်အား ရရှိသကဲ့သို့ ဓနိရည်အား ညသိပ်၍(၃)ရက်ခန့် ထားရှိပါကရရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီး ၊အောက်ပိုင်းဒေသဖြစ် သည့်တညက်ကျေးရွာများတွင် ပိုမိုထွက်ရှိကြောင်းလည်းသိရှိရပါသည်။ ပျားသည် အာဟာရ ဓာတ်ကြွယ်ဝပြီး ရောဂါပိုးမွှားများကို သေစေနိုင်ပါသည်။ ပျားသည်(၉)လပိုင်းနှင့် (၁၀)လပိုင်း များတွင် ပိုမိုထွက်ရှိပြီး ရောင်းအားကောင်းကြောင်း တနင်္သာရီတိုင်း၊ အောက်ပိုင်းဒေသ ဖြစ်သည့် တညက်ကျေးရွာနေသူတစ်ဦးထံမှ သိရှိရပါသည်။
ယခု ၂၀၂၅ခုနှစ်ဇွန်လပထပတ်တွင် မြိတ်မြို့ပေါ်ရှိ ပထမတန်းဓနိပျားရည်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ရှိပြီး ဒုတိယတန်းစားဓနိပျားရည်တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ရှိကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)